Wednesday, December 1, 2021

WA JAU PAUL LASANG LA A LABAU KADUN

Wa Jau Paul La Sang La Asak (84) Ning

ဘုန်းတော်ကြီးပေါလ်လဆန်လ

သက်တော်(၈၄)နှစ်၊ ရဟန်းဝါတော်(၅၃)ဝါ၏ အထုပတိအကျဉ်း

-Jinghpaw wunpawng amyu sha, buga Jau ni hta numbat (3 ) Jau re.

-Mali nmai zup Tang hpre Simsa lam Maria Lung pu hte Tanghpre mare makau graup yin kaw sun wang law law  jahting da ai wa re.

-Alam wudang bum hpe woi hpang ai wa re.

-Nawku hpung a shawng nnan lang ngu na sumla hkrung rai nga ai “gwi yang gaw rawt yu ga” ngu ai sumla hkrung hpe Director tai nna gayat ai wa rai nga ai.

         ကျေးဇူးရှင်ဘုန်းတော်ကြီး ပေါလ်လဆန်လအား ဒေါ့ဖုန်းယန်မြို့နယ်၊ လွယ်မောက်ယာန် ရွာ(အဖဦးလဆန်တန်ယာန် + အမိဒေါ်အင်ကျန်ကော့) တို့မှ ၁၉၃၈ခုနှစ် မတ်လ (၉) ရက်နေ့ တွင် မွေးဖွားသန့်စင်ခဲ့ပါသည်။ မွေးချင်းမောင်နှမ (၇) ယောက်မှတတိယ မြောက်သားရတနာ တစ်ပါး ဖြစ်ပါသည်။

 မွေးချင်းမောင်နှမများ

 ၁။ ဦးပီတာလဆန်ဂေါင်(ကချင်ပြည်နယ်ဒေသအတွင်းရေးမှူးဟောင်း)

 ၂။ ဦးဂျိုးဇက်လဆန်နော်

 ၃။ ဦးဂျွန်းလဆန်တူးလွမ်

 ၄။ လဆန်ကော့

 ၅။ ဆရာမဒေါ်ထရေဇားလဆန်လု

 ၆။ ဦးပေတရုလဆန်လဒွဲ      တို့ဖြစ်ကြပါသည်။

 ငယ်စဉ်ကျောင်းသားဘဝ

         ဘုန်းတော်ကြီးပေါလ်လဆန်လသည် မိမိ၏ဇာတိချက်ကြွေရာ လွယ်မောက်ယာန် ကျေးရွာ ကျောင်း နှင့် ဒေါ့ဖုန်းယာန်ကျောင်းတို့တွင် မူလတန်းပညာကို ဆည်းပူးခဲ့သည်။ ထို့နောက် ဗန်း မော်မြို့ရှိ (အ.ထ.က၂) ကျောင်းတွင် ဆက်လက်ပညာဆည်းပူးခဲ့ပါသည်။

 ရဟန်းဖြစ်သင်ကျောင်းသားဘဝ

         ဘုန်းတော်ကြီးသည် ၁၉၅၂ ခုနှစ်တွင် မေမြို့(ပြင်ဦးလွင်) (ယခင်စိန်ကိုလန်ဘန်သာ သနာပြုကျောင်း) စိန်အာလွိုက်ရှက်(စ်)၏ ရဟန်း ဖြစ်သင်ကျောင်းသို့ဝင်ရောက်စိန့်အဲလ်ဘတ် အထက်တန်းကျောင်းတွင် ပဥမတန်းကို တက်ရောက်ပြီး ၁၉၅၈ခုနှစ်တွင် သချာဂုဏ်ထူးဖြင့် တကသိုလ်ဝင်တန်းကိုအောင်မြင်ခဲ့ပါသည်။

         ထို့နောက် ၁၉၆၁ ခုနှစ်တွင် ရန်ကုန်မြို့ရှိ စိန်ဂျိုးဇက် (ရဟန်းဖြစ်သင် တကသိုလ်) တွင်ရဟန်းတို့ တတ်အပ်သော ဓမပညာကို (၇) နှစ်တိုင်တိုင် ဆည်းပူးခဲ့ပါသည်။ သို့ဖြင့် ၁၉၆၉ ခုနှစ် မတ်လ (၂၂) ရက်နေ့ အဖဆရာတော်ဂျွန်ဟောင်း၏ လက်တော် ကချင်အမျိုးသားမှ တတိယမြောက် ရဟန်းသိကာကို စိန့်ပက်ထရစ်ကာသီဒြယ်၊ ဗန်းမော်မြို့တွင် ထာဝရရဟန်း သိကာကိုခံယူခဲ့ပါသည်။ ရဟန်းသိကာ ကို ခံယူပြီးနောက်မိုးမောက် ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Father OBzien အတွက် စကားပြန်အလုပ်ကိုထမ်းဆောင်ခဲ့သည်။ တန်ဖရဲ (မြစ်ဆုံ) ကျောင်းထိုင်ဘုန်းတော်ကြီး, Rev. William Bernard Way ၏ လက်ထောက်ကျောင်းထိုင် ဘုန်းတော်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့ရင်း  ၁၉၇၃ မှ ၁၉၇၈ ခုနှစ်ထိ တန်ဖရဲကျေးရွာ မြစ်ကြီး နားဂိုဏ်းအုပ်သာသနာ၏ ပထမဆုံးသော San Luka Chyum Jawng ကျမ်းစာသင်ကျောင်းတွင် ကျောင်းအုပ်တာဝန်ကိုလည်း ထမ်း ဆောင်ခဲ့ပါသည်။

         (၁၉၇၈-၁၉၉၆ ) ခုနှစ်အထိ တန်ဖရဲကျောင်းထိုင်ဘုန်းတော်ကြီးတာဝန်ကို ထမ်းဆောင် ရင်း သာသနာလုပ်ငန်းများကို အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့ပါသည်။

လုပ်ဆောင်ခဲ့သောကြီးမားသောသာသနာပြုလုပ်ငန်းများ

         ဘုန်းတော်ကြီးပေါလ်လဆန်လသည် တန်ဖရဲကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်ရင်း ဥရောပနိုင်ငံများသို့ သွားရောက်ခဲ့သည်။ ကျေးဇူးရှင်ဘုန်းတော်ကြီး လုပ် ဆောင်ခဲ့သော သာသနာလုပ်ငန်းများ

၁။ ယခင်အစိုးရ နှင့် သာသနာနှစ်ခုပူးတွဲ တာဝန်ယူသော တန်ဖရဲမူလတန်းကျောင်းကို အစိုး ရတွဲဖက်အလယ်တန်း  ကျောင်းဖြစ်အောင်ကြိုးပမ်းခဲ့သည်။

၂။ တန်ဖရဲတွင် မြစ်ကြီးနားဂိုဏ်အုပ်သာသနာ၏ ပထမဆုံးလူငယ်စုံညီပွဲကို ဦးဆောင်ခဲ့သည်။

၃။ “ Gwi Yang Rawt YU Ga “ ဆိုသော ပထမဆုံးကချင်ရုပ်သံဇာတ်လမ်းဗွီဒီယိုကို သူကိုယ်တိုင်ဇာတ်ညွန်းရေး ပြီးရိုက်ကူးခဲ့သည်။

၎။ စာပေသာသနာပြုအဖြစ် (က)”Tsawm Htap Nga Pra Lam” (ခ) “Masha Atsam” (ဂ) “ Chyum Laika Hkaja Ga “ စသော စာပေများကိုလည်းရေးသားပြုစုခဲ့ပါသည်။

၅။ ယနေ့မျက်မှောက်ကာလတွင် ကချင်ပြည်နယ်အထင်ကရဖြစ်သော ဘုရားဖူးဌါနေ မေခ ,မလိခ မြစ်စုံရှိ  ငြိမ်းချမ်းရေးမယ်တော်ဂူနှင့် အာလမ်လက်ဝါးကားတိုင်တို့ကို အစပျိုးလုပ်ဆောင်ခဲ့ ပါသည်။

၆။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်တွင် ရဟန်းဝါတော် (၅၀) နှစ်ပြည့် ရွှေစင်ဂျူဗလီ ရရှိသည် အထိ သာသနာလုပ်ငန်းကို ထမ်းဆောင်ခဲ့သည်။

         အထက်ပါ သာသနာပြုလုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ်ဆောင်ရင်း သက်တော် ကြီးရင့်လာသည့် အတွက် အသင်းတော်၏ ကာနွန်ဥပဒေအရ၊ သာသနာပြုလုပ်ငန်း လုပ် ဆောင်ခြင်းမှ ၁၉၉၆ ခုနှစ်တွင် (အနားယူ) အငြိမ်းစားယူကာ စိန်ကိုလန်ဘန်ကာဒီဒြယ်ကျောင်းနေထိုင်ခဲ့ပါသည်။

ကျန်းမာရေးချို့ယွင်းလာခြင်း

         အသက်အရွယ်အရလူကြီးရောဂါကို စတင်ခံစားနေရသောကြောင့် မြစ်ကြီးနားမြို့ပြည်သူ့ ဆေးရုံတွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၈) မှ နိုဝင်ဘာလ (၂၀) ရက်ထိ အနီးကပ် ကုသမှုကို ခံယူခဲ့ပါသည်။ သို့ပါသော်လည်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နံနက် ၅း၀၅ မိနစ်အချိန်တွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ထာဝရငြိမ်သက် ချမ်းသာခြင်းကို ခံစားရရှိ ပြီသွားပြီဖြစ်ပါသည်။ (ကွယ်လွန်ချိန်တွင်သက်တော် (၈၄) နှစ်၊ ရဟန်းဝါတော် (၅၃) နှစ်ရှိပြီ ဖြစ်ပါသည်။)

စံပြအတုယူဖွယ်အကျင့်၊ သီလ၊ ပါရမီများ

         (က) အကျင့်သီလပါရမီထူးနှင့် ပြည့်ဝပြီး ဆုတောင်းခြင်းအစဉ်အားထုတ်တတ်ခြင်း၊

         (ခ) တည်ကြည်သောအကျင့်ပါရမီ၊

         (ဂ) ဆုံးဖြတ်ချက်ခိုင်မာပြီး လုပ်ငန်းများကို ပြီးမြောက်အောင်မြင်စွာ လုပ်ဆောင်တတ်ခြင်း၊

         (ဃ) စာပေအရပညာတွင်ထူးချွန်ထက်မြက်ပြီး၊ အားကစား၌လည်းထူးချွန်ခြင်း၊

         (င) အမျိုးဘာသာမခွဲခြားဘဲ အားလုံးကို စည်းရုံးတတ်ခြင်း စသည်တို့ဖြစ်ပါသည်။

အထုပိအကျဉ်းမှတ်တမ်းတင်ထားခြင်း မရှိသော အခြားသော ဘုန်းတော်ကြီးပေါလ်လ ဆန်လ၏ ပါရမီထူး များစွာနှင့် သမိုင်းဆိုင်ရာအချက်အလက်များကို ပြင်ဆင်ဖြည့်စွက်ပေးပါရန် တောင်းဆိုလိုပါသည်။

ကျေးဇူးရှင်ဘုန်းတော်ကြီးပေါလ်လဆန်လ၏ ဝိညာဉ်ထာဝရဘုရားသခင်၏ သနားဂရုနာတော်မြတ် ကိုခံစားရရွှေနိုင်ငံတော်တွင်ဘုန်းတော်ဝင်စားပါစေ။အာမင်။

Labau sawk sagawn ai - Wa Jau Vincent Zinwa Shang Lum.

No comments:

Post a Comment